foridpsandpdf

 ကယားပြည်နယ်ကို သွားရင် ဘာတွေစားကြမလဲ

 

နေရာတစ်ခုကို သွားလည်တော့မယ်ဆိုရင် မဖြစ်မနေ ရှာကြည့်သင့်တဲ့အထဲမှာ အဲ့ဒီနေရာရဲ့ အစားအသောက်တွေ အကြောင်းလည်းပါပါတယ်။ ဥပမာ ကချင်ပြည်နယ်ကိုသွားရင် ဆာဖျယ်စားကြမယ်၊ ကရင်ပြည်နယ်ကိုသွားရင် သာလပေါစားကြမယ်ဆိုတာမျိုးပေါ့။ ဒါဆိုရင် ကယားပြည်နယ်ကို သွားရင်ရော ဘာတွေစားကြမလဲ??

 

ပထမဆုံး မဖြစ်မနေစားသင့်တာကတော့ ဟင်းထုပ်ပဲဖြစ်ပါတယ်။ ကယားပြည်နယ်ကလူတွေ အခြားမြို့ရွာကို သွားနေရတဲ့အခါ မကြာခဏတမ်းတမိတဲ့အထဲ ဟင်းထုပ်က တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဆန်မုန့်ကို ကြက်သွန်မြိတ်တွေနဲ့ နယ်ပြီး လုပ်ထားတဲ့အစားအစာတစ်မျိုး ဖြစ်တာကြောင့် သက်သက်လွတ်သမားတွေလည်း စားလို့ရပါတယ်။ အများအားဖြင့်တော့ ဝက်သား၊ ကြက်သား၊ ငှက်ပျောဖူး၊ မှို၊ ငါး စတဲ့ အသား၊ ဟင်းသီးဟင်းရွက်တွေ ထည့်သွင်းပြုလုပ်လေ့ရှိကြပါတယ်။ မန္တလေးဟင်းထုပ်၊ ရှမ်းဟင်းထုပ် စသဖြင့် ရှိသော်လည်း ကယားဟင်းထုပ်ကတော့ တမျိုးတမည်ထူးခြား တာမို့ ကယားပြည်နယ်ကို ရောက်ဖြစ်ရင် သေချာပေါက်စားကြည့်သင့်တဲ့ အရာတစ်ခုပါပဲ။ 

 

တောင်ပေါ်ဒေသတွေမှာ ရာသီဥတုအေးတာမို့ ရှေးယခင်တည်းက လူကြီးတွေဟာ သောက်လိုက်ရင် အာခေါင်ထဲ ပူဆင်းသွားတဲ့ ခေါင်ရည်ကို သောက်ရင်းအအေးဒဏ်ကို အံတုလေ့ရှိကြပါတယ်။ ခေါင်ရည်ဟာ တောင်ပေါ်မြေရဲ့ သင်္ကေတတစ်ခုပါ။ လွိုင်ကော်သည်လည်း တောင်ပေါ်ဒေသ ဖြစ်တာကြောင့် ခေါင်ရည်ကောင်းကောင်း ရတဲ့ဆိုင်တွေ အများကြီးရှိပါတယ်။ ခေါင်ရည်ဆိုင်ကို ရောက်ပြီဆိုတာနဲ့ ခေါင်ရည်ဆိုင်က အမြည်းတွေဖြစ်တဲ့ အမဲအူပြုတ်၊ အမဲအူသုပ်၊ ဝက်နံရိုးကြော်၊ ဝက်သားထုပ်၊ ဝက်ခေါက်ကင်၊ အမဲလုံး၊ ဝက်စွပ်ပြုတ်တို့ဆိုသည်မှာလည်း လိုက်ဖက်လွန်းသော အစားအစာတွေပဲဖြစ်ပါတယ်။ 

 

နောက်ထပ် ကယားပြည်နယ်ရဲ့အစားအစာသင်္ကေတတစ်ခုကတော့ သေချာပေါက် မေ့မနေသင့်တဲ့ ကယားဝက်အူချောင်းပဲဖြစ်ပါတယ်။ ကယားဝက်အူချောင်းဟာ အခြားဝက်အူချောင်းအချိုတွေနဲ့ မတူပါဘူး။ ဝက်အူထဲကို ဝက်သား၊ ဂျင်း၊ ဆား၊ မက်ခါသီးတို့ကို ရောထည့်ပြီး ကင်ရာမှ ကယားဝက်အူချောင်းရလာတာဖြစ်ပါတယ်။ မက်ခါသီးပါတဲ့အတွက် ကယားဝက်အူချောင်းဟာ အထုံအစပ် အရသာအနည်းငယ်ပါပါတယ်။ တစ်နယ်တစ်ကြေးကလူတွေတောင် တကူးတကမှာစားကြတဲ့ ကယားဝက်အူချောင်းဟာ ကယားပြည်နယ်ကို လာဖြစ်မယ်ဆိုရင် မဖြစ်မနေ စားသင့်တဲ့အစားအစာပါပဲ။

 

ဒီလိုမျိုး ကယားပြည်နယ်ရဲ့ သင်္ကေတဖြစ်တဲ့ အစားအသောက်တွေကို တစ်စုတစ်စည်းတည်း ဘယ်မှာရနိုင်မလဲဆိုရင်တော့ “ဒီမောဆိုစျေး” က အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဒီမောဆိုစျေးဟာ ရိုးရိုး စျေးတန်းတစ်ခုသာ ဖြစ်ပေမယ့် အဲ့ဒီက ဝက်သားကင်၊ အမဲခြောက်နဲ့ ကျန်တဲ့ အစားအသောက်တွေဟာ လွိုင်ကော်အပါအဝင် တခြားမြို့ကသူတွေပါ တကူးတကသွားစားကြရတဲ့ နေရာဖြစ်ပါတယ်။ ဒီမောဆို စျေးဟာ ငွေတောင်ဆည်၊ ကန် ၇ ဆင့်၊ ထီးပွင့်ကန်တို့နဲလည်း နီးတာကြောင့် အဲ့ဒီဘက်ကို သွားလည်ရင်း သေချာပေါက်ဝင်သင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ 

 

ဒါ့အပြင် တောင်ပေါ်ဒေသမှာပဲ ကောင်းကောင်း ရလေ့ရှိတဲ့ တို့ဟူးနွေး၊ ရှမ်းခေါက်ဆွဲ၊ ဝက်သားချဉ်၊ ရောနယ် အစရှိတာတွေကို လက်ဖက်ရည်လေးသောက်ရင်း မနက်စာကောင်းကောင်းစားချင်တယ်ဆိုရင် တော့ လွိုင်ကော်မြို့ထဲက ဗဟိုစျေးက သင့်အတွက် သင့်တော်တဲ့ နေရာတစ်ခုဖြစ်ပါလိမ့်မယ်။ 

 

နေရာဒေသတစ်ခုကို ရောက်တုန်းရောက်ခိုက် အဲ့ဒီဒေသကလူတွေရဲ့ နေထိုင်စားသောက်ပုံကို သိလာရပါမှလည်း သွားလည်ရကျိုးနပ်မှာဖြစ်ပါတယ်။ အကယ်၍ ကယားပြည်နယ်ကို လာလည်ဖြစ်မယ် ဆိုရင်တော့ အထက်က ဖော်ပြထားတဲ့ အစားအသောက်တွေကို သေချာပေါက်စားရင်း တစ်ဝကြီး လည်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ 

 

(ကယားပြည်နယ်ကို ရောက်ရင် ဘယ်နေရာတွေကို သွားလည်လို့ရလဲဆိုတာကို karenniguys website ရဲ့ အခြားသော ဆောင်းပါးတွေမှာ ဖော်ပြထားတာဖြစ်လို့ karenniguys website ထဲဝင်ရှာရင်း ကယားပြည်နယ် အကြောင်းတွေ လေ့လာလို့ရပါတယ်။)




Comments

  1. စားဖူးချင်တာနော်
    ကယားလည်း ရောက်ဖူးချင်တယ်
    ဘယ်ပြည်နယ်မဆို မရောက်ဖူးဘူး အရမ်းသွားချင်တာ
    တိုင်းရင်းသားတွေက ရိုသားကြတယ်တဲ့ ကြားဖူးရုံ မြင်ဖူးရုံနဲ့တင် သူတို့ကို ချစ်တယ်💜💜💜🖤🖤🖤💙💙💙❤❤❤💛💛💛💖💖💖❣❣❣

    ReplyDelete
  2. ပန်ပက်ကိုရောက်တိုင်း María Lurde Church တော့ အရောက်သွားဖြစ်တယ်.. အေးချမ်းကြပါစေဗျာ

    ReplyDelete
  3. ဟင်းထုတ် ရန်ကုန်မှာလည်းရောင်းပေမဲ့ ကယားမှာပဲစားချင်တာ

    ReplyDelete
  4. ကယားဟင်းထုပ် ကြိုက်တယ်၊ ကယားဝက်အူချောင်းတော့ မစားဖူးသေးဘူး။

    ReplyDelete
  5. ဒီမောဆိုးမှာ နောက်တခါ သွားစားမယ်။

    ReplyDelete
    Replies
    1. သီတင်းကျွတ်မှာ သွားခဲ့တာ ဗျောက်တွေ မီးရူး မီးပန်းတွေဖောက်တာလဲ တွေ့ရတယ်။

      Delete
  6. ခေါင်ရည်ရယ် ကယား ဝက်အူချောင်းရယ်

    ReplyDelete
  7. ကလစ်တချက်စီတိုင်းက လိုအပ်​နေ​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​စေ

    ReplyDelete
    Replies
    1. ကယားပြည် မ​ရောက်ဖူး​ပေမဲ့ ဟင်းထုပ်​တော့ ကြိုက်တယ်

      Delete
    2. ဝက်သားချဥ်​​တော့ ​အောင်ပန်းမှာ စားဖူးတယ်.. မ​​မေ့နိုင်စရာ

      Delete

Post a Comment

Popular posts from this blog